𝙷𝚒𝚜𝚝𝚘𝚛𝚢 𝚘𝚏 𝚁𝚎𝚊𝚌𝚝

React ကို Meta မှ Jordan Walke ဆိုတဲ့ software engineer က စတင်ဖန်တီးခဲ့တာဖြစ်ပါတယ်။ပထမ version ကို “F-Bolt” လို့ ခေါ်ပြီး နောက်ပိုင်း “FaxJS” လို့ အမည်ပြောင်းခဲ့ပါတယ်။ ဒီအစောပိုင်းဗားရှင်းကို Jordan Walke ရဲ့ GitHub repository မှာ တွေ့နိုင်ပါတယ်။ React ကိုဖန်တီးရာတွင် PHP HTML component library တစ်ခုဖြစ်တဲ့ XHP က အကြောင်းအရာတချို့ကို နမူနာယူထားခဲ့ပါတယ်။

React ကို Facebook News Feed မှာ ပထမဦးဆုံး 2011 တွင် အသုံးပြုခဲ့ပြီး၊ 2012 တွင် Instagram တွင်လည်း ထည့်သွင်းခဲ့ပါတယ်။ 2013 May လ၊ JSConf US တွင် React ကို တရား၀င် အခမဲ့ဖြန့်ချီ(open-source) ခဲ့ပြီး၊ ဒီနေ့ထိ အသုံးပြုသူအများအပြားရရှိလာခဲ့ပါတယ်။

React Native ကိုတော့ Android, iOS, UWP စနစ်များအတွက် native app ဖန်တီးနိုင်အောင် React နှင့်အတူ အသုံးပြုနိုင်ရန်အတွက် ဖန်တီးခဲ့ပြီး၊ 2015 February လတွင် React Conf မှာ ကြေညာခဲ့ပြီး၊ March 2015 တွင် open-source ဖြစ်လာခဲ့ပါတယ်။

April 18, 2017 မှာ Facebook က React Fiber လို့ ခေါ်တဲ့ rendering algorithm အသစ် ကို မိတ်ဆက်ခဲ့ပါတယ်။Fiber က အရင် rendering algorithm ဖြစ်တဲ့ Stack ကို အစားထိုးဖို့ ဖြစ်ပြီး အနာဂတ်မှာ React ထဲမှာ ထည့်သွင်းမယ့် feature အသစ်တွေအတွက် အခြေခံတည်ဆောက်မှုအဖြစ် အသုံးပြုဖို့ ရည်ရွယ်ထားတာပါ။React ကိုရေးတဲ့ syntax မှာတော့ ပြောင်းလဲမှုမရှိပါဘူး။ပြောင်းလဲတာက syntax ကို browser မှာ ဘယ်လိုလုပ်ဆောင်သွားမလဲ (execute) ဆိုတဲ့နည်းပဲပါ။Stack ဆိုတာ React ရဲ့ အရင် version မှာ အသုံးပြုတဲ့ rendering system ဖြစ်ပြီး၊Dynamic UI တွေ (အပြောင်းအလဲများတဲ့ UI) ကို ပြသဖို့ မသင့်တော်ခဲ့ပါဘူး။

အထူးသဖြင့် animation တွေကို တပြိုင်နက်တည်း ဖော်ပြနေတဲ့အတွက် စွမ်းဆောင်ရည် မကောင်းပါဘူး။ဒါကြောင့် complex animation တွေမှာ နောက်ကျတာတွေဖြစ်နိုင်ပါတယ်။Fiber ဟာ animation တွေကို အစိတ်အပိုင်း (segments) ပိုင်းခြားပြီး၊ multiple frames မှာဖြန့်ပြီး ပြသနိုင်ပါတယ်။ထို့ကြောင့် browser မှာ UI တွေ ချောမွေ့စွာပြသနိုင်ပါတယ်။

September 26,2017 တွင် React 16.0 ကို စတင်ဖြန့်ချီခဲ့ပါတယ်။

October 20, 2020 တွင် React 17.0 ကိုထုတ်ပြန်ခဲ့ပြီး၊ အကြီးစား ပြောင်းလဲမှု မရှိပဲ ထွက်တဲ့ ပထမဆုံးဗားရှင်းဖြစ်ပါတယ်။

March 29 , 2022 တွင် React 18 ကို ဖြန့်ချီခဲ့ပြီး၊ Concurrent Renderer, Automatic Batching, နှင့် Suspense ဖြင့် Server-side Rendering စတဲ့ အသစ်ဖြစ်သောအင်္ဂါရပ်များ ထည့်သွင်းခဲ့ပါတယ်။

December 5, 2024 တွင် React 19 ကို ဖြန့်ချီခဲ့ပြီး၊ အသစ်ထည့်သွင်းထားတဲ့ Actions ဆိုတဲ့ feature အသစ်က asynchronous function တွေကို အသုံးပြုခြင်းအားဖြင့် state update လုပ်ရာမှာ pending state, error handling, optimistic updates စတာတွေကို အလွယ်တကူစီမံခန့်ခွဲနိုင်အောင် updateပေးထားပါတယ်။ React 19 မှာ Server Components အတွက်support၊ Static Site Generation တိုးတက်မှုတို့လည်း ပါဝင်လာပါတယ်။

နောက်လာမယ့် Post တွေမှာ Programming, Developer Life, Tech Tips တွေကို ဆက်လက်မျှဝေပေးသွားမှာမို

Page ကို Like / Follow ချထားလိုက်တော့နော်

မိတ်ဆွေရဲ့ Learning Journey တစ်လျှောက်လုံးအတွက် Support ဖြစ်စေချင်ပါတယ်!

Leave a Comment

Your email address will not be published. Required fields are marked *